ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ စီးယင်းဒေသအတွင်းရှိ သိုင်းငင်းစစ်တပ် ကင်းစခန်းကို တော်လှန်ရေးတပ်ပေါင်းစုတွေပူးပေါင်းပြီး ဇူလိုင်လ (၁၁)ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို PDF Zolandက ဇူလိုင်လ (၁၆)ရက် ယနေ့မှာ ထုတ်ပြန်ပါတယ်။
ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့ရာမှာ စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပေမယ့် တိုက်ပွဲတွင် ချင်းတော်လှန်ရေး ပူးပေါင်းတပ်က ရဲဘော်(၄)ဦး ကျဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့တယ်လို့သိရပါတယ်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်တွေအထိနာခဲ့လို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာကို စစ်တပ်ကတိုက်လေယဉ်နဲ့ (၃)ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ယခုတိုက်ခိုက်မှုကို CDF CDM SIYIN၊ PDF Zoland၊ ME B5၊ CNDF၊ TCDF၊ KKG B7၊ PDA နဲ့ PDF Kalay S2တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။