ကရင်နီပြည်မှာ ရှေ့တန်းစစ်မြေပြင်အထိ ဆေးကုသပေးနေတဲ့ ဝိဇ္ဇာဆေးအဖွဲ့ လုံခြုံစိတ်ချရတဲ့ နေထိုင်ရာတခု ဆောက်လုပ်ဖို့ အကူအညီလိုအပ်နေတယ်လို့ အဲ့ဒီအဖွဲ့က ပြောပါတယ်။
ဆေးရုံ ဆေးခန်းနဲ့ ဆေးကုသရေးအဖွဲ့တွေကို စစ်ကောင်စီက လေယာဉ်နဲ့ ပစ်မှတ်ထား တိုက်ခိုက်နေတဲ့အတွက် တောလှန်ရေးဆေးအဖွဲ့တွေအနေနဲ့ မကြာခဏ နေရာရွေ့ပြောင်းရတာဖြစ်တယ်လို့ ဝိဇ္ဇာဆေးအဖွဲ့ (Waid Zar) က ပြောပါတယ်။
“ကျွန်တော်တို့ ကရင်နီပြည်မှာ ကုသလျက်ရှိတဲ့ Waid Zar Team အနေနဲ့ နေထိုင်ရာ ဆေးကုသရေးနေရာတွေမှာ ဆက်လက်နေထိုင်လို့ မဖြစ်တော့တဲ့အတွက် လုံခြုံစိတ်ချရတဲ့ နေထိုင်ရာတခုဆောက်လုပ်ဖို့ အလှူငွေများလိုအပ်ပါတယ်” လို့ ဝိဇ္ဇာဆေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
နေရာအသစ်မှာ နေထိုင်ဆေးကုသဖို့အတွက် နေရာအသစ် ဆောက်လုပ်ဖို့ဟာ အနည်းဆုံး ကျပ်သိန်း ၅၀ ကုန်ကျနိုင်တယ်လို့ အဲ့ဒီအဖွဲ့ကဆိုပါတယ်။ ဒါကြောင့် ကူညီလိုသူတွေအနေနဲ့ ဝိဇ္ဇာဆေးအဖွဲ့ ရဲ့ Face book Page ဖြစ်တဲ့ Waid Zar မှာ ဆက်သွယ်ပြီး KBZ Pay ၊ NUG Pay ကတဆင့် ကူညီလှူဒါန်းနိုင်ပါတယ်။
“ကျွန်တော့်အနေနဲ့ နေ့စဉ်နဲ့အမျှ ပြည်သူလူထုနဲ့ ရဲဘော်တွေကို ကျန်းမာရေးသောင့်ရှောက်မှု ပေးနေရတဲ့အတွက် ပြည်သူလူထုအနေနဲ့ ပါဝင်ကူညီလှူဒါန်းဖို့ တောင်းဆိုပါတယ်” ဝိဇ္ဇာဆေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ဝိဇ္ဇာဆေးအဖွဲ့ ဟာ ယခုအချိန်ထိ ရှေ့တန်းစစ်ပြေပြင်ထိလိုက်လံပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်တာ၊ နောက်တန်းမှာလည်း ပြည်သူလူထုတွေ ဒဏ်ရာရရဲဘော်တွေကို ဆေးခန်းဖွင့်ပြီး ဆေးဝါးကုသမှုပေးနေတာတွေနဲ့ နယ်လှည့်ပြီးတော့လည်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့အဖွဲ့ဖြစ်ပါတယ်။