အကြမ်းဖက် စစ်ကောင်စီတပ်က ပြည်သူများကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ရာတွင် အမျိုးသမီးစစ်သည် လေယာဉ်မှူးများကို အသုံးပြုနေကြောင်း လေတပ် သတင်းရင်းမြစ် Operation Spitfire က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်ကောင်စီတပ်က အမျိုးသမီးစစ်သည်များကို ရဟတ်ယာဉ်နှင့် တိုက်လေ ယာဉ် လေယာဉ်မှူးများအဖြစ် အပြင်းအထန်လေ့ကျင့်မှုများ ပြုလုပ်နေပြီး လက်ရှိတွင် အမျိုးသမီးစစ်သည် လေယာဉ်မှူး ၆ ဦးကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ရာတွင် အသုံးပြုနေကြောင်း သိရှိရသည်။
တိုက်လေယာဉ်ဖြင့် ပြည်သူကို ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်သော အမျိုးသမီး စစ်သည် ဗိုလ်ကြီး ၆ ဦး၏ စာရင်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနက အတိအကျ ရရှိထားပြီး Facebook လူမှုကွန်ရက် စည်းမျဉ်းအရ မဖော်ပြနိုင်ဘဲ ရန်ကုန်ခေတ်သစ်တယ်လီဂရမ်တွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။
အဆိုပါ ပိုင်းလော့ ဗိုလ်ကြီး ၆ ဦးသည် ကိုယ်တိုင် ကိုယ်ကျ တိုက် လေယာဉ်ဖြင့် ပြည်သူကို ဗုံးကျဲသတ်ဖြတ်ရာတွင် ပါဝင်ခဲ့ကြကြောင်း သိရှိရသည်။