ကရင်နီပြည်နယ် အခြေစိုက်၊ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) က “မြေပြင်အတွက် ကျည်အတောင့် ၁၀,၀၀၀” ကမ်ပိန်းကို ဇူလိုင်လ ၁၅ ရက်နေ့ကစပြီး ပြုလုပ်ခဲ့နေတယ် KRU တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“တိုက်ပွဲတွေပိုပြီး ပြင်းထန်လာပြီဆိုရင် တကယ်လိုအပ်တဲ့အရာက ခဲယမ်းတွေပေါ့နော်၊ လက်နက်ရှိရုံနဲ့တော့ ဘာမှ ကြိုးစားလို့ မရဘူးပေါ့နော်၊ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေအတွက် ကျည်ဖြည့်ချင်တယ်” လို့ သူက ပြောပါတယ်။
ကရင်နီပြည်ရဲ့ ရောင်နီကို မြင်လာရပြီး တိုက်ပွဲတွေ ပိုမိုပြင်းထန်လာလို့ ရဲဘော်တွေအတွက် ကျည်အင်အားဖြည့်တင်းထားဖို့လိုတာကြောင့် သိန်း ၅၀၀ ရရှိဖို့ ခန့်မှန်းထားပြီး ရက်ကန့်သတ်ထားတာ မရှိသေးဘူးလို့ သိရပါတယ်။
ဖြည့်တင်းချင်တဲ့ ကျည်အမျိုးအစားတွေက 16 ကျည်၊ AK ကျည်၊ 79 ကျည်၊ ငါးကြင်းမြီးကျည်၊ ၆ဝမမ၊ RPG ကျည်ဖူးတို့ကို တိုက်ပွဲတွေ အတွက် လုံလောက်မှုရှိအောင် ဖြည့်တင်းချင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်တွင်း ပြည်ပက ေထာက်ပို့တွေ အနေနဲ့လည်း ဒီကမ်ပိန်းမှာ ပါဝင်ကူညီပေးကြဖို့ကို တိုက်တွန်းနှိုးဆော်ထားပါတယ်။
KRU တပ်ပေါင်းစုက ကရင်နီပြည် မြေပြင်တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေပြီး ဒေသကာကွယ်ရေးတပ်တွေကို စုပေါင်းဖွဲ့စည်းထားတဲ့ တပ်ပေါင်းစု ဖြစ်ပါတယ်။