ဆားလင်းကြီးမြို့နယ်အတွင်းမှာ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ၊ လက်ပံတောင်းတောင်ပင်မသပိတ် အမျိူးသမီးမဟာမိတ်အင်အားစု နဲ့ ဆားလင်းကြီးမြို့နယ်ပ.အ.ဖ /ပ.က.ဖ အဖွဲ့တို့မှ ပူးပေါင်းပြီး လူထုဟောပြောပွဲနဲ့ တော်လှန်ရုပ်ရှင်ပြပွဲပြုလုပ်ခဲ့ကြပါတယ်။
“ပြည်သူလူထုစိတ်အပန်းပြေစေရန်အတွက်ရော တော်လှန်ရေးကိုအရှိန်မြှင့်တင်နိုင်ဖို့ခွန်အားဖြစ်စေဖို့ပါရယ်ရွယ်၍ တော်လှန်ဇာတ်ကား ၃ ကားကိုပြသပေးခဲ့ပါတယ်” လို့ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် မချောစုဟန်ကပြောပါတယ်။
အဲဒီလိုပြသရာမှာ ဒါရိုက်တာကိုပေါက် ရိုက်ကူးသော “မသောက်မိသောမိုးခါရေ” ၊ ဒါရိုက်တာဂိဒေါင် ရိုက်ကူးသော “ရှိခဲ့သည်” နဲ့ ဒါရိုက်တာ ကိုဏကြီး ရိုက်ကူးပုံဖော်ထားသော “မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” တော်လှန်ရုပ်ရှင်ဇာတ်ကားတွေဖြစ်ပါတယ်။
လူထုဟောပြောပွဲနဲ့ တော်လှန်ရုပ်ရှင်ပြပွဲ ပြုလုပ်နေစဉ်အတွင်းမှာလည်း ဒေသခံကာကွယ်ရေးအဖွဲ့တွေက လုံခြုံရေး ရယူပေးခဲ့ကြပါတယ်။