အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “ဒီအချိန်မှာ ဘယ်အရေးမှ တော်လှန်ရေးလောက် အရေးမကြီးဘူး၊ တော်လှန်ရေး အမြန်ပြီးဖို့ အားစိုက်ကြ၊ ငါတို့မှာ ငါတို့ပဲရှိတယ်” ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။