စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာမှ စျေးဝယ်ထွက်လာသည့် ပျူစောထီးများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း One Way Revolution Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၂၄ မိနစ်ခန့်တွင် မုံရွာမြို့နယ်၊ တောပုရွာမှ စျေးဝယ်ထွက်လာသည့် ပျူစောထီးများကို မိုင်းဆွဲ တိုက်ခိုက်ရာ ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“အရက်၀ယ်ပြန်လာတဲ့ ပျူတွေကို မိုင်းဆွဲတာ သေတာကတော့ ၂ ကောင် ကျန်တဲ့ခွေးတွေက ရမ်းပစ်တာ ၂ ကောင်က မျက်စိရှေ့တင် သေတာ” ဟု One Way Revolution Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို One Way Revolution Force နှင့် YARKUZAR REVOLUTION FORCE ၊ ROYAL GOD PEOPLE DEFENCE FORCE စသည့် ညီနောင် မဟာမိတ် ၃ ဖွဲ့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။