ယနေ့ ကျရောက်သည့် ၇၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခွင့်မရသည့်အပြင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူအနေဖြင့် ကိုယ်စား လွမ်းသူပန်းခွေချခွင့် မရကြောင်း သိရှိရသည်။
နေပြည်တော် အကျဉ်းထောင်တွင် အကြမ်းဖက် စစ်တပ်၏ မတရားဖမ်းဆီးအကျဉ်းချခံထားရသော ဒေါ်အောင်ဆန်းစုကြည်သည် အာဇာနည်နေ့ အခမ်းအနား တက်ခွင့်မရသည်မှာ ၃ နှစ်မြောက်ရှိလာပြီဖြစ်သည်။ ယနေ့ အာဇာနည်နေ့ အခမ်းအနားသို ဗိုလ်ချုပ်အောင်ဆန်း၏ သားအကြီးဖြစ်သူ အောင်ဆန်းဦးက လွမ်းသူပန်းခွေကို ကိုယ်တိုင်တက်ရောက်ချသွားသည်ကို မြင်တွေ့ရသည်။
၇၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို စစ်ကောင်စီဘက်မှ ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ဦးဆောင် တက်ရောက်ခဲ့ပြီး ယခင်နှစ်များထက် အဆင့်နှိမ့်ချ ကျင်းပပြုလုပ်လာသည်ကို မြင်တွေ့ရသည်။