အမေရိကန် အပါအဝင် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုကြောင့် ဒေါ်လာဝင်ငွေရလမ်း နည်းလာနေသည့် အကြမ်းဖက်စစ်တပ်က စက်သုံးဆီ လုပ်ငန်းရှင်များကို ဇူလိုင်လ ၂၂ ရက်နေ့တွင် အထူးအစည်းအဝေး ခေါ်ယူထားကြောင်း သိရှိရသည်။
အမေရိကန်ပြည်ထောင်စုက စစ်ကောင်စီလက်အောက်ရှိ နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB နှင့် MICB ဘဏ်တို့ကို စီးပွားရေးပိတ်ဆို့ လိုက်ပြီးနောက် စက်သုံးဆီ တင်သွင်းမှုလုပ်ငန်းများကိုပါ ထိခိုက်လာသဖြင့် စစ်ကောင်စီက ဘဏ်ပြောင်း၍ ဒေါ်လာငွေစာရင်းများ ဖွင့်လှစ်ခြင်း အပါအဝင် စီးပွားရေးပိတ်ဆို့မှုများကို ကျော်လွှားရန် ကြိုးပမ်းလျက်ရှိ ကြောင်း သိရှိရသည်။