စစ်ကိုင်းတိုင်း၊ ရွှေဘို – မန္တလေးလမ်းမကြီးပေါ်တွင် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်၍ ပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးသည်။
ယနေ့ (ဇူလိုင် ၂၀ ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ရွှေဘို – မန္တလေးလမ်းပေါ်ရှိ စိုင်နိုင်ကွေ့တွင်လည်းကောင်း၊ ရှားတောရွာနှင့်တဂဏန်းရွာ အနီးတဝိုက်တွင်လည်းကောင်း ရောက်ရှိနေကြောင်း ရွှေဘိုမြိုနယ် သတင်းမှန်ပြန်ကြားရေးအဖွဲက ပြောသည်။
ထိုကြောင့် အရေးပေါ်မြေပြင်စစ်ရေးအခြေအနေအရ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်၍ ရွှေဘို – မန္တလေးလမ်းပိုင်းအား ယခုအချိန်မှစ၍ လုံးဝ ဖြတ်သန်းသွားလာခြင်းမပြုရန် ရွှေဘိုမြိုနယ် သတင်းမှန်ပြန်ကြားရေးအဖွဲက ထုတ်ပြန်ကြေညာသည်။
“လောလောဆယ် မီးရှိခြင်းပြုခြင်း၊ သေနတ်ပစ်ခြင်းမရှိဘူး။ ဒီအတိုင်းပဲသွားတာ။ စစ်ကြောင်းကနှစ်ခုဖြစ်နေတယ်။ ရွှေဘိုဘက်ကထွက်လာတာက ရွာသာကြီးကထွက်လာတဲ့ကောင်တွေကို လာကြိုဖိုများတယ်။”ဟု Wetlet Informational Network အဖွဲမှ ကိုနဂါးလေးက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်များမှာ ဝက်လက်မြိုနယ် ရွာသာကြီးကျေးရွာနှင့် ရွှေဘိုမြိုအတွင်းမှထွက်လာသော စစ်ကောင်စီတပ်များဖြစ်ပြီး ရွှေဘို – မန္တလေးလမ်းပိုင်းနေရာများတွင် ကင်းပုန်းဝပ်နေရာယူထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ထိုကြောင့် အရေးပေါ်မဖြစ်မနေ သွားလာသူများအနေဖြင့် ရွှေဘိုမြိုနယ် သတင်းမှန်ပြန်ကြားရေးအဖွဲနှင့် နီးစပ်ရာတော်လှန်ရေးအဖွဲအစည်းများထံ ဆက်သွယ်အသိပေးသွားလာနိုင်ကြောင်း ထုတ်ပြန်ထားသည်။