ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်တွင်းကကျေးရွာအချို့တွင် ယခင် NLDအစိုးရလက်ထက်က ထုတ်ချေးခဲ့သော ကိုဗစ်ချေးငွေနှင့် စိုက်ဘဏ်ချေးငွေ များကို အုပ်ချုပ်ရေးမှုးများကတောင်သူများထံမှ ပြန်လည်တောင်းယူမှုပြုလုပ်နေကြကြောင်းသိရသည်။
ဇူလိူင်လ ၁၉ ရက်နေ့က ကိုးတောင်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်မောင်၀င်းဆိုသူမှ ကျေးရွာတွင်း ချေးငွေ ယူထားသူများကို အမြန်ပြန်ပေးဖို့တောင်းခံခဲ့ပြီး မပေးပါကအရေးယူမည်ဖြစ်ကြောင်း ပြောကြားခဲ့ ကြောင်း ဒေသခံများမှ ပြောသည်။
“လယ်သိမ်းမယ် လူကိုလဲအရေးယူမယ်ဆိုတော့ ကြံဖန်ပြီး ဆပ်ရတော့မှာပေါ့။ တစ်ချို့တွေက ရှာကြံချေးဌားပြီးဆပ်နေကြတော့ ဘာတတ်နိုင်မလဲ၊ ကုန်ဈေးနူန်းတွေတက်၊ ဆီဈေးတွေကကြီး၊အထွက်နူန်းကျ နဲ့ ဘာမှ မကျန်လို့လဲမဆပ်နိုင်လို့ ပြောလဲအဖမ်းခံရဖို့ပဲရှိတယ်ဟုဒေသခံလယ်သမားတစ်ဦးကပြောသည်။
ငပုတောမြို့နယ်ရှိ ပြင်ခရိုင်၊ သင်္ကန်းကုန်းကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေးမှူးများမှ ချေးငွေကို အမြန်ဆုံးပြန်ဆပ်ဖို့ခြိမ်းခြောက် လက်မှတ်ထိုးခိုင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်က အရပ်သားအစိုးရလက်ထက်က ကိုဗစ်ရောဂါဖြစ်ပွားချိန်တွင် တောင်သူလယ်သမားများအား ထုတ်ပေးခဲ့သည့် ချေးငွေများအား အာဏာသိမ်းပြီးနောက်ပိုင်း လက်အောက်ခံဝန်ထမ်းများကို ဖိအားပေးတောင်းခိုင်းနေခြင်းဖြစ်သည်။