ချောင်းဦးမြို့နယ် လူငယ်အင်အားစု သပိတ်ကော်မတီက ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့၌ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၂၃ ရက်နေ့သည် ဦးဂျင်မီ (ခ) ဦးကျော်မင်းယု၊ ကိုဖြိုးဇေယျာသော် (ခ) ကိုမောင်ကျော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ကို အကြမ်းဖက်စစ်အုပ်စုက အကျဉ်းထောင်အတွင်းတွင် အဓမ္မ ကြိုးပေးသတ်ဖြတ်ခဲ့ခြင်း တစ်နှစ်ပြည့်မြောက်သည့်နေ့ ဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်အုပ်စု၏ မတရားဖမ်းဆီးအကျဥ်းချကာ ဥပဒေမဲ့အကျဥ်းထောင်အတွင်း အဓမ္မကြိုးပေးကွပ်မျက်ခြင်းအား ရှုံချကာ၊ မတရားစီရင်ခံရသောကျဆုံးရဲဘော်များ လွမ်းဆွတ်ဂါရဝပြုခြင်း၊ စစ်အာဏာရှင်စနစ်အမြစ်ပါမကျန်ချုပ်ငြိမ်းသွားရေးကြွေးကြော်သံများဖြင့် ချောင်းဦးမြို့နယ်အတွင်းရှိကျေးရွာတစ်ရွာတွင် ဆန္ဒပြသပိတ်စစ်ကြောင်းအားထွက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။