ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း မင်းဘူးခရိုင်တပ်ရင်း ၆ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၂၇ မိနစ်ခန့်တွင် ကန်ပက်လက်မြို့နယ်၊ မောချောင်းရွာနှင့် လှိုင်ဒုတ်ရွာ အကြား အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး မင်းဘူးခရိုင် တပ်ရင်း ၆ မှ ရဲဘော် ၁ ဦး ၊ CDF မှ ရဲဘော် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင်တပ်ရင်း ၆ ၊ ခေါနု CDF ၊ ကန်ပက်လက် CDF မဟာမိတ်တပ်ပေါင်းစု ၅ ရင်း တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။