ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဇူလိုင်လ ၂၀ ရက်နေ့က စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေသူများပြန်လာသည်ကို စစ်ကောင်စီပိုင် သတင်းစာတွေကနေ PDF များ ခံဝန်လာထိုးသည်ဟုဆိုကာ သတင်းလွှင့်ခြင်းများပြုလုပ်နေကြောင်း သိရသည်။
ဆန္ဒပြပြီး ထွက်ပြေးတိမ်းရှောင်နေသူများ ခံဝန်လာထိုးသည့်ကို စစ်ကောင်စီတပ်က ဇူလိုင်လ ၂၁ ရက်နေ့တွင် ပုသိမ်မြို့တွင် PDF များ ဥပဒေဘောင်အတွင်းဝင်လာသည်ဟုဆိုကာ မြန်မာ့အလင်းသတင်းတွင် ဖော်ပြခဲ့ကြောင်း ဧရာဝတီတိုင်းမ်သတင်းဌာနအနေဖြင့် သိရှိရသည်။
” သူတို့က ဘာ PDF မှမဟုတ်ပါဘူး။ သူတို့ဘာသူတို့ ကြောက်လန့်ပြီး တိမ်းရှောင်နေတဲ့သူတွေပါ။ ခုမနေနိုင်တော့လို့ သူတို့လည်း ခံဝန်ထိုးပြီး ပြန်လာတဲ့သဘောပါ”ဟု ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
စစ်ကောင်စီထံ ခံဝန်ထိုးပြီး ပြန်လာသည့်သူများသည့် လက််နက်ကိုင်သင်တန်းတက်ခဲ့သည့်သူများ မဟုတ်သလို PDF တပ်ဖွဲ့ဝင်များလည်း မဟုတ်ကြောင်း ၎င်းက အတည်ပြုပြောဆိုသည်။
၎င်းတို့မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပြီးနောက်ပိုင်း အဖမ်းခံရမှာကြောက်သဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့သူများဖြစ်ပြီး ရဲစခန်းတွင် ပုဒ်မအထုတ်ခံ ထားရသူများ မဟုတ်ကြောင်း မြို့ပြပြောက်ကျား တပ်ဖွဲ့ထံမှ သိရသည်။