မုံရွာခရိုင် အတွင်း စစ်ကောင်စီတပ်တွေဟာ အိမ်စီးကားတွေနဲ့ ပြည်သူအသွင်ယူလာလို အိမ်စီးကားတွေ မဖြစ်မနေ မှန်ချမောင်းနှင်ပေးဖို စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲက ဒီကနေ့ နောက်ဆုံး အကြိမ် သတိပေး ထုတ်ပြန်လိုက်ပါတယ်။
ပြည်သူတွေကို အိမ်စီးကားများ မှန်ချမောင်းပေးကြဖို အကြိမ်ကြိမ် သတိပေးစာ ထုတ်ပြန်ခဲ့ပေမယ့် ပြည်သူ အများစု လိုက်နာ ပူးပေါင်း ပါဝင်မှု အားနည်းတာကို စိတ်မကောင်းစွာ တွေ့မြင်နေရတယ်လို ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်သားနဲ့ ပျူစောထီးတွေဟာ ကားအမျိုးအစား စုံလင်စွာနဲ့ ပြည်သူများကြား လက်နက်များ ကိုင်ဆောင်ပြီး အရပ်သား အယောင်ဆောင်ကာ ရပ်ကွက်ကျေးရွာတွေ အတွင်း အလျင်အမြန် ဝင်ရောက် အကြမ်းဖက်မှု အမျိုးမျိုး လုပ်ဆောင်နေတယ်လို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲက အသိပေးပါတယ်။
ဒါကြောင့် တော်လှန်ရေး အင်အားစုများ အနေနဲ့ တိုက်စစ် အနေအထားနဲ့ စစ်အုပ်စုကို ရှင်းလင်းပစ်ခတ် တိုက်ခိုက်တော့မှာ ဖြစ်တဲ့အတွက် မည်သူ တစ်ဦးတစ်ယောက်ကြောင့်မျှ စစ်ဆင်ရေး ဖျက်သိမ်းမှု ပြုလုပ်မှာ မဟုတ်ဘူးလို အသိပေး ထုတ်ပြန်တာ ဖြစ်တယ်လို ဖော်ပြထားပါတယ်။