မြောင်မြို့နယ်၊ ကျောက်ရစ်အထိုင်စခန်းကို ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း မုံရွာခရိုင် တပ်ရင်း ၁၂ ၊ တပ်ခွဲ ၃ (လျှပ်စီးတပ်ခွဲ) ထံမှ သိရသည်။
ယနေ့ ဇူလိုင်လ ၂၆ ရက် နံနက် ၁၀ နာရီခန့်က ကျောက်ရစ်ရဲစခန်းအတွင်း၌ အထိုင်ချတပ်စွဲပြီး ပြည်သူ လူထုအသက်အိုးအိမ်စည်းစိမ်များကို လှည့်ပတ်ဖျက်ဆီးနေသော အကြမ်းဖက်စစ်သား၊ ရဲများကို ရှော့ တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ လုံးမှာ စခန်းအတွင်း ကျရောက်ပေါက်ကွဲပြီး အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း၊ အကြမ်းဖက်စစ်သား၊ ရဲများမှ လက်နက်ငယ်များဖြင့် တရစပ် ပြန်လည်ပ စ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း ၁၂ ၊ တပ်ခွဲ ၃ ၊ (လျှပ်စီးတပ်ခွဲ) ၊ နှင့် ရန်ရှင်းဒေသကာကွယ် ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြောင်လမ်းခွဲ(ခ)ကင်းလမ်းခွဲ၌ အထိုင်ချတပ်စွဲထားသော စစ်တပ်စခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း TGR Woman Drone Force တပ်ဖွဲ့ထံမှသိရသည်။
ယမန်နေ့ ဇူလိုင် ၂၅ ရက် နေ့လည် ၁ နာရီခန့်က မြောင်လမ်းခွဲ၌ အထိုင်ချတပ်စွဲပြီး ခရီးသွားပြည်သူ များထံ အတင်းအဓမ္မဆက်ကြေးကောက်ခံနေသော အကြမ်းဖက်စစ်သားများကို ၇၉ မမ လက်နက်ကြီး ဖြင့် ပစ်ခတ်ပြီးနောက် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ ပြီး တိုက်ပွဲဖြစ်ပွားချိန် မောင်းနှင်လာသော ပြည်သူ့ကားများကို ရပ်တန့်ကာဗာယူလိုက်သဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို TGR Woman Drone Force ၊ TGR People Defence Force ၊ ကျောက်ဆည် ခရိုင် တပ်ရင်း ၂ ၊ Black Eagle People Defense Force စသည့် မဟာမိတ်ညီနောင်များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။