ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြိုနယ် နမ့်အွန်ကျေးရွာတွင် လေယာဉ်ဗုံးကြဲခံရ၍ သေဆုံးသွားသူ ဦးအိုက်လော၏ ရုပ်အလောင်းကို စစ်ကောင်စီစစ်သားများက အဓမ္မလာရောက်သယ်ဆောင်သွားကြောင်း သိရသည်။
ယမန်နေ့ ဇူလှိင် ၂၅ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်က နမ့်အွန်ကျေးရွာတွင် လေယာဉ်ဖြင့်ဗုံးကြဲခဲ့၍ ကျေးရွာမှအရပ်သား ၂ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ဦးအိုက်လော၏ အလောင်းကို မိသားစုနှင့် ရွာသားများက အဝတ်အစားလှဲ သန့်ရှင်းရေးလုပ်ပြီး အမျိုးသားနှစ်ဦးက စောင့်ကြည့်နေစဉ် ညနေပိုင်းတွင် စစ်ကောင်စီစစ်သားများ ရောက်ရှိလာကာ အလောင်းကို ယူဆောင်သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီစစ်သားများက အလောင်းကို လာရောက်ယူဆောင်စဉ် အလောင်းစောင့်ကြည့်နေသည့် အမျိုးသား ၂ ဦးကို မျက်စိပိတ်ထားပြီး သယ်ဆောင်သွားပြီးနောက်မှ ပြန်ဖွင့်ပေးသည်ဟု ဆိုသည်။ အလောင်းကို မည်သည့်နေရာသို သယ်ဆောင်သွားသည်ကို မသိရကြောင်းလည်း ဒေသခံက ပြောသည်။
ယမန်နေ့တွင် နမ့်အွန်ကျေးရွာ အထက်ဆီဆိုင်အနီးတွင် TNLA နှင့် စစ်ကောင်စီတပ်တို တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အထိနာကျဆုံးမှုများကြောင်း သိရသည်။