တနိုင်းမြိုနယ် ရှင်ဗွေယန်မြို လဂျားဘွမ်ကျေးရွာအနီးတွင် ယမန်နေ့ ဇူလိုင် ၂၅ ရက်နေ့၌ စစ်ကောင်စီတပ်နှင့် KIA တို တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ ပစ်လိုက်သည့် သေနတ်ကျဉ်ဆံထိမှန်၍ ဒေသခံတစ်ဦး လက်မောင်းဒဏ်ရာ ရရှိသလို ရွာသားများကိုလည်း လူသားဒိုင်းအဖြစ် ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။
“တနိုင်းဘက်က စစ်ကြောင်းနဲ့ ဖြစ်တာတဲ့ တစ်ယောက်လက်မှာ ထိတယ်။ သေနတ်နဲ့ တခြားတော့ ကောင်းကောင်း မသိရဘူး။ စစ်တပ်က ရွာထဲရမ်းပစ်ရင်း ဝင်လာတာတဲ့ အဲမှာထိတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။
၎င်းစစ်ကောင်စီစစ်ကြောင်းသည် လဂျားဘွမ်ရွာသို ရမ်းသမ်းပစ်ခတ်ကာဝင်ရောက်လာပြီး ရွာအတွင်းရှိ ဒေသခံများအား ကားဖြင့်တင်ကာ တရုံကျေးရွာသို ခေါ်ဆောင်သွားပြီး ညနေပိုင်းကျမှ ပြန်ပိုပေးခဲ့ကြောင်း သိရသည်။
“နံနက် ၁၀ နာရီကျော်မှာ ပစ်တာ၊ မိုင်းသံသေနတ်သံတွေကြားတော့ လယ်တောကနေ အားလုံးပြန်လာကြတယ်။ အိမ်မှာနေတဲ့ သူတွေကို တရုံမှာ ခေါ်သွားပြီး ညနေပိုင်းမှာ ကားနဲ့ ပြန်လာပိုတယ်တဲ့ အသက်ကြီးတဲ့ သူရောပါတယ်။”ဟု ဒေသခံနောက်တစ်ဦးက ဆိုသည်။
၎င်းစစ်ကောင်စီစစ်ကြောင်းသည် တရုံကျေးရွာ၌ ညအိပ်သွားပြီး ရှင်ဗွေယန်ဘက်သို တက်သွားကြောင်း သိရသည်။
တနိုင်းမြိုနယ်တွင် စစ်ကောင်စီတပ်နှင့် KIA တပ်ဖွဲတိုအပြင် ဦးရွှေမင်းဦးဆောင်သည့် ပြည်သူ့စစ်အဖွဲတိုလည်း လှုပ်ရှားလျှက်ရှိသည်။