ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်ရှိ တောကုန်းရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၇ ရက်နေ့ နံနက်အစောပိုင်း ၆ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ထန်းတပင်မြို့နယ်၊ ထိုလွိဝါးကျောင်းဘေးရှိ တောကုန်းရွာကို စစ်ကြောင်းထိုး ဝင်ရောက် လာသောကြောင့် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၁ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားချိန်အတွင်း အကြမ်းဖက် စစ်တပ် ပစ်ခတ်မှုကြောင့် ဆိုင်ကယ်စီးလာသည့် ပြည်သူ ၁ ဦးသေဆုံးကာ ကျောင်းသူ အမျိုးသမီး ၁ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ တောကုန်းရွာမှ ပြည်သူ ၁၀ ဦးကျော်ကို ကျေးရွာ ဘုရားကျောင်းထဲ၌ အကြမ်းဖက် စစ်တပ်က ဖမ်းဆီးထားကြောင်း သိရှိရသည်။
“မနက် ၆ ခွဲက ထန်းတပင်မြို့နယ် ထိုလွိဝါးကျောင်းဘေး တောကုန်းရွာထဲမှာ တိုက်ပွဲအကြီးကျယ်ဖြစ်တယ်။ စစ်ခွေးတွေပစ်လို့ ရွာသား ၂ ဦးလည်းထိထားတယ်။ ဆိုင်ကယ်စီးလာသူတော့ သေသွားတယ်။ အမျိုးသမီး ၁ ဦး ဒဏ်ရာရတယ်။ KNLA သစ်တော စခန်းတွေတော့အသိမ်းခံလိုက်ရတယ်လို့ကြားတယ်။ စစ်တပ်ဘက်က ၁ ဦးသေဆုံးပြီး ၄ ဦးလောက် ဒဏ်ရာရထားတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။