မွန်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ၊ ရေးမြို့နယ်အတွင်းရှိ စစ်ဘေး ရှောင်ပြည်သူများကို CDM ဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် ဆေးဝါးကုသပေးခြင်းများကို ဇူလိုင်လ ၂၇ ရက်နေ့တွင် လုပ်ဆောင်ခဲ့ကြောင်း အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း၊ ဒုစစ်ဒေသခွဲမှူးရုံးက တရားဝင် သတင်းထုတ်ပြန်သည်။
စစ်ဘေးရှောင်ပြည်သူများကို CDM ဆရာဝန်များနှင့် ကျန်းမာရေး ဝန်ထမ်း များက ကျန်းမာရေးပြုစုစောင့်ရှောက်ပေးရာတွင် ဝင်းရော်ဒေသ စစ်ဘေး ရှောင် ကူညီစောင့်ရှောက်ရေးအဖွဲ့နှင့်အတူ ဒုစစ်ဒေသမှူးရုံး၊ အမှတ် (၃) စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း၊ J.O.C က ဆောင်ရွက်ပေးခဲ့ကြောင်း၊ စစ်ဘေး ရှောင် ပြည်သများသည် ပုလိန်၊ ခလယ်၊ တံခွန်တိုင်နှင့် နန်းသိုင်းထွန် ကျေးရွာ များမှ ပြည်သူများဖြစ်ပြီး ဒေသခံပြည်သူ ၄၀၀၀ ခန့်သည် ပြီးခဲ့သည့် ဇွန်လ ကုန်ပိုင်းကတည်းက ယနေ့အချိန်ထိ တစ်လကျော်ကြာ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း သိရှိရသည်။
“မိုးတွင်းကာလဖြစ်တာကြောင့် စစ်ရှောင်ပြည်သူတွေဟာ နေထိုင်စားသောက် ရေးအခက်အခဲဖြစ်ကြရသလို အရေးပေါ် ကျန်းမာရေး လိုအပ်ချက်တွေရှိနေတဲ့ အတွက်ကြောင့် စားနပ်ရိက္ခာဖြန့်ဝေရေးလုပ်ငန်းတွေ၊ ကျန်းမာရေးစောင့် ရှောက် မှုလုပ်ငန်းတွေကို ဝင်းရော်ဒေသ စစ်ဘေးရှောင် ကူညီ စောင့် ရှောက် ရေးအဖွဲ့အပါအဝင် ဒေသခံအဖွဲ့အစည်းတွေရဲ့ အကူ အညီနဲ့ ဆောင်ရွက်ပေး ခဲ့တာဖြစ်ပါတယ်” ဟု အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း၊ ဒုစစ် ဒေသခွဲမှူးရုံး က တရားဝင် သတင်းထုတ်ပြန်ထားသည်။