စစ်ကိုင်းတိုင်း၊ ပြည်သူ အခြေပြု၊ မြေပြင် ပညာရေး ဖော်ဆောင်နေတဲ့ ကျောင်းတစ်ကျောင်း ကို Youths For Cummunity – YFC Myaung ပညာရေး ကွန်ယက်မှ ကျောင်းသုံး ဖတ်စာအုပ်များ လှူဒါန်းခဲ့တယ်လို့ ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
မြောင်ပညာရေး ကွန်ယက်ကစစ်ဘေးဒဏ်ခံစား နေရတဲ့ ကလေးသူငယ်များရဲ့ ပညာရေး ကို ကောင်းမွန်စွာ လေ့လာသင်ကြားခွင့် ရရှိစေရေးအတွက် မြေပြင်ပညာရေးကို ဝိုင်းဝန်းဖော်ဆောင် နေတာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း အတွင်း မြေပြင်ပညာရေး ကို ဖော်ဆောင်နေတဲ့ ပြည်သူအခြေပြု စာသင်ကျောင်းပေါင်း ၇၀ ကျော်အထိရှိပြီး၊ကျန်ရှိနေတဲ့ စာသင်ကျောင်းများအတွက် ဝိုင်းဝန်း ကူညီပေးကြပါရန် တိုက်တွန်း တောင်းဆိုထားပါတယ်။