မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ကျေးရွာတရွာက ကိုယ်ထူကိုယ်ထစာသင်ကျောင်းမှာ ဇူလိုင် ၂၈ ရက် မနေ့ နေ့လယ် ၁ နာရီအချိန်ခန့်က ဝါဆိုသင်္ကန်းကပ်လှူကြတယ်လို့ ဦးဆောင်သူပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ရဲ့ ပြန်ကြာရေးတာဝန်ခံကပြောပါတယ်။
ကျေးရွာဘုန်းတော်ကြီးကျောင်းက သံဃာတော် ၃ ပါးကို ဝါဆိုသင်္ကန်းကပ်လှူခဲ့တာဖြစ်ပြီး ကပ်လှူပွဲကိုပြည်သူ့ဒီမိုကရက်တစ်အဖွဲ့က သင်ကြားရေး ရဲဘော်ဆရာဆရာမတွေ၊ ကျေးလက်စေတနာ့ဝန်ထမ်းဆရာဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။