တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်တဲ့ ဓနုလူမျိုးတွေကို ကိုယ်စားပြုတဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး – Danu People’s Liberation Front – DPLF ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လကတည်းက ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ DPLF က ဒီနေ့မှာ တရားဝင်ကြေညာပါတယ်။
စစ်အာဏာရှင်စနစ်ကျဆုံးပြီး စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာဖို့အတွက် ဓနုလူငယ်တွေနဲ့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေ စုပေါင်းကာ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ သွားရောက်ပညာသင်ယူပြီးတဲ့နောက်မှာ ဖွဲ့စည်းလိုက်တာလို့ DPLF ရဲ့ ထုတ်ချက်မှာ ဖော်ပြထားပါတယ်။
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးအနေနဲ့ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးကို ဦးတည်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။