တနင်္သာရီတိုင်း၊ လောင်းလုံးမြို့တွင် လက်နက်ကိုင် သင်္ကန်းဝတ် ၂ ဦး နှင့် ပျူစောထီး ၆ ဦးကို ဖမ်းဝရမ်းထုတ်ထားကြောင်း လောင်းလုံးမြို့နယ် LLPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့တွင် အဆိုပါ လက်နက်ကိုင် သင်္ကန်းဝတ် ၂ ဦး နှင့် ပျူစောထီး ၆ ဦးကို LLPDF တပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း၊ ယင်း သင်္ကန်းဝတ်နှင့် ပျူစောထီး ၈ ဦးသည် အကြမ်းဖက် စစ်တပ်နှင့်အတူ ကျေးရွာများကို စစ်ကြောင်းထိုးခြင်း၊ ပြည်သူ့ပစ္စည်းများကို ဖျက်ဆီးခြင်းတို့ အတူတကွ လိုက်ပါ လုပ်ဆောင်ခဲ့ကြကြောင်း၊ စစ်ကြောင်းထိုးရာတွင် ပျူစောထီးများက စစ်သား ယူနီဖောင်းများ ဝတ်ဆင်ခဲ့ကြပြီး ဘုန်းကြီး ၂ ပါးသည်လည်း လက်နက်များ ကိုင်၍ လိုက်ပါခြင်းတို့ ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
” သူတို့ကို ဖမ်းဝရမ်းထုတ်တာပေါ့။ အခုသူတို့တွေ လောင်းလုံး နယ်မြေထဲ မရှိတော့ဘူး ဘယ်ပြေးကုန်ပြီလည်းမသိဘူး။ သူတို့ကို ဘယ်လို ဆက်လက် အရေးယူမယ်ဆိုတာ ဖမ်းဆီးရပြီးမှပဲ ဆက်လက် ထုတ်ပြန်မယ်” ဟု လောင်းလုံးမြို့နယ် LLPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
လက်ရှိချိန်တွင် အဆိုပါ သင်္ကန်းဝတ် ၂ ဦး နှင့် ပျူစောထီး ၆ ဦးသည် အကြမ်းဖက် စစ်တပ်မှ ၎င်းတို့ကို လုံခြုံရေးအပြည့်အဝမပေးနိုင်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ရန် လုပ်ဆောင်နေကြကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။
See Translation
All reactions:
6.4K6.4K