ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် BPLA ကို ရက္ခိုင့်တပ်တော် ULA/AA က စနိုက်ပါ သင်တန်း ပို့ချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပွဲကို ဇူလိုင်လ ၄ ရက်နေ့က ပြုလုပ်ခဲ့ပြီး ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA က ယမန်နေ့ ဇူလိုင်လ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်း၊ စနိုက်ပါ သင်တန်းကို သင်တန်းသား ၁၁ ဦး တက်ရောက်နေပြီး ၅ ဦးမှာ အောင်မြင်စွာ သင်တန်းပြီးဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA သည် စစ်အာဏာရှင် ပြုတ်ကျရေး၊ စစ်အာဏာရှင်စနစ် ပြုတ်ကျရေး၊ ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားလာရေးနှင့် နွေဦးတော်လှန်ရေး အောင်မြင်ရေးတို့အတွက် ပေါ်ပေါက်လာခြင်းဖြစ်ပြီး လက်ရှိတွင် မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ပူးပေါင်းကာ အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်လျက်ရှိသော အဖွဲ့အစည်းဖြစ်သည်။