စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော် လမ်းပိုင်းရှိ စစ်ဆေးရေး လုပ်ဆောက်နေသော အကြမ်းဖက် စစ်သားနှင့် ရဲများကို ဝင်ရောက် ပစ်ခတ်ရာ ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း Black Dragon Force အဖွဲ့ထံမှ သိရသည်။
ဇူလိုင်လ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် မုံရွာ-အရာတော် လမ်ပိုင်း မုံရွာစီးပွားရေး တက္ကသိုလ် ၊ ဇလုပ်အဝိုင်းပတ်အနီးရှိ စစ်ဆေးရေးပြုလုပ်နေသော အကြမ်းဖက် စစ်သားနှင့် ရဲများကို မုံရွာခရိုင် အမှတ် ၂၇ တပ်ရင်း Black Dragon Force မှ အလစ်အငိုက်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ပစ်ခတ် တိုက်ခိုက်မှုအတွင်း စစ်ဆေးရေး ပြုလုပ်နေသော ရဲ ၂ ဦး ပွဲချင်းပြီးသေဆုံးပြီး ရဲ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှလည်း ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များအထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၂၇ တပ်ရင်း တပ်ခွဲ ၁ နှင့် မုံရွာခရိုင် အမှတ် ၂၇ တပ်ရင်း တပ်ခွဲ ၂ – Royal Kings People Defense Force တို့မှ ပူးပေါင်းပါဝင် လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။