စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဖီလာရပ်ကွက်မှာ လက်နက်ကိုင်ပြီး လမ်းသွားလန်းလာ ဒေသခံတွေကို ဖမ်းဆီးငွေညှစ် မိုက်ကြေးခွဲနေတဲ့ စစ်အုပ်စု လက်နက်ကိုင်တစ်ယောက် ဒီမနက် (၉)နာရီခန်က သေနတ်နဲ့ ပစ်ခံရပြီး လမ်းပေါ် လဲကျနေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ ဩဂုတ်(၃)ရက် မနက်ပိုင်း ပြည်သူကို မိုက်ကြေးခွဲငွေညှစ်နေတဲ့ စစ်အုပ်စု တစ်ယောက် ခက်မ်းမပေါ်မှာပဲ ပစ်ခတ်ခံရပြီး လမ်းပေါ် လဲကျနေကာ စစ်အုပ်စုက လာသယ်သွားတယ်လို့ ဆိုပါတယ်။
“သေနတ်သံ ငါးချက်ကြားလိုက်တယ်။စစ်သားက လမ်းမပေါ် လဲကျသွားတယ်။ သေလား ရှင်လားတော့ မသိဘူး။ စစ်သားတွေအများကြီးရောက်လာပြီး ပြန်ကောက်သွားတယ်။သွေးကွက် တွေကတော့ မြေကြီးပေါ်မှာကို အိုင်လို့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဘာကြောင့်ပစ်ခတ်သွားတယ်ဆိုတာ မသိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ကလေးမြို့ တောင်ဖီလာရပ်ကွက်မှာ စစ်အုပ်စုက ဂိတ်ဖွင့်ထားပြီး အုပ်စုဖွဲ့ လက်နက်ကိုင်ကာ လမ်းမပေါ်သွားလာတဲ့ ဒေသခံတွေကို ဖမ်းဆီးတာ၊ ငွေညှစ်တာ၊ လက်နက်ပြမိုက်ကြေးခွဲတာ၊ စိတ်ထင်တိုင်း ပစ်သတ်တာ၊ PDF အဖြစ် စွပ်စွဲဖမ်းဆီးဆာျိုးတွေ ထင်တိုင်းကျဲ ကျူလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အဲ့ဒီလမ်းသွားရင် ဆိုင်ကယ်တားတယ်။ ဆိုင်ကယ်တားပြီး အကုန်စစ်တယ်” လို့ ဒေသခံတဦးကပြောပါတယ်။
ပြည်သူကို လက်နက်ပြ မိုကိကြေးခွဲနေတဲ့ စစ်အုပ်စုတစ်ယောက် ပစ်ခတ်ခံရပြီးနောက် စစ်အုပ်စက တောင်ဖီလာ၊မြို့လှ ၊စမ်းမြို့ ၊တာဟန်းနေကြာတိုက်အနီး ဖမ်းဆီးစစ်ဆေးငွေညှစ်တာတွေ ပိုမို လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။