စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်(၃၀)ရက်က လက်နက်နဲ့အတူ ထွက်ပြေးလာတဲ့ ပျူတစ်ယောက် ဖမ်းမိခဲ့တယ်လို့ မြောင်နယ် ကျေးရွာတပ်ပေါင်းစုက သတင်း ထုတ်ပြန်ပါတယ်။
ဖမ်းမိတဲ့ ပျူဟာ ရေစကြိူနယ်ဘက်ကနေ ထွက်ပြေးလာတာ ဖြစ်ပြီး သူ့ကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ထံ အပ်နှံလိုက်တယ်လို့ ဆိုပါတယ်။
“ဇူလိုင်(၃၀)ရက် နံနက်(၁၁)နာရီအချိန်တွင် ရေစကြိုဘက်မှ ပြေးလာသော ပျူတစ်ယောက်ကို ကာဘိုင် တစ်လက်နှင့်အတူ လက်ရဖမ်းဆီးနိုင်ခဲ့။ ဖမ်းဆီးမှုတွင် မြောင်မြို့နယ် ပကဖ၊ ချင်းတွင်းတပ်ပေါင်းစုနှင့် ကျေးရွာတပ်ပေါင်းစု(Myaung)တို့ ပူးပေါင်း ဖမ်းဆီးကာ ၎င်းပျူကို ရေစကြို ပကဖထံ အပ်နှံခဲ့ပါသည်” လို့ မြောင် ကျေးရွာ တပ်ပေါင်းစု က ဖော်ပြပါတယ်။
ရေစကြိုနယ်ထဲက ကျေးရွာတချို့ အပါအဝင် စစ်အာဏာမသိမ်းခင်က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ထောက်ခံအားပေးတဲ့ ကျေးရွာတွေဟာ အာဏာသိမ်း စစ်အုပ်စုကို သစ္စာခံတဲ့ ပျူရွာတွေအဖြစ် ပြောင်းလဲသွားပြီး စစ်အုပ်စုကလည်း အဲ့ဒီလို ကျေးရွာတွေက ဒေသခံတွေကို စစ်သင်တန်းပေး၊ လက်နက် တပ်ဆင်ပေးကာ ပျူအဖွဲ့တွေ ဖွဲ့စည်းပေးထားတာ ဖြစ်ပါတယ်။