စစ်ကောင်စီကို ခုခံတော်လှန် တိုက်ခိုက်ရင်း ကရင်နီပြည်တပ်မတော်-KA တပ်ရင်း အမှတ် (၅) မှ ဒုတိယဗိုလ် တစ်ဦး ဒီးမော့ဆို အရှေ့ဘက်ခြမ်း တိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ KA က ထုတ်ပြန်ပါတယ်။
KA တပ်ရင်း (၅) မှ ဒု-ဗိုလ် ဟာ ဩဂုတ်လ ၂ ရက်နေ့မှာ ဖြစ်ပွားတဲ့ ဒီးမော့ဆို အရှေ့ဘက်ခြမ်း တိုက်ပွဲအတွင်း စစ်ကောင်စီကို ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ရင်း ကျဆုံးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“သူကတော့ ထွက်သွားလိုက်ပြီ။ ကျွန်မကတော့ သူ့ကို သူငယ်ချင်း တစ်ယောက် အနေနဲ့ကော သူရဲကောင်း တစ်ယောက် အနေနဲ့ပါ အမြဲတမ်း သတိရ လေးစားနေမယ်” လို့ ကျဆုံး ဒု-ဗိုလ်ရဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသမီးက ပြောပါတယ်။
ကျဆုံး ဒု-ဗိုလ် ဟာ ကရင်နီပြည်နယ် လွတ်မြောက်ရေးနဲ့ စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေး အတွက် အစွမ်းကုန် ကြိုးစားရင်း တော်လှန်ရေးအတွက် မြင့်မြတ်စွာ အသက်ပေးဆပ်သွားခဲ့တဲ့ အာဇာနည် သူရဲကောင်း ဖြစ်တယ်လို့ ကရင်နီပြည်တပ်မတော်-KA က ပြောပါတယ်။
ကျဆုံးသွားတဲ့ KA ဒု-ဗိုလ်ရဲ့ ဈာပန အခမ်းအနားကို ဩဂုတ်လ ၄ ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့ တာဝန်ရှိသူများ ရဲဘော်ရဲဘက်များ ပြည်သူများ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။