အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊တောင်ပိုင်းစစ်ဒေသ စစ်ဒေသခွဲ အမှတ်(၃) တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ထားဝယ်ခရိုင် အမှတ်(၁) တပ်ရင်းဟာ (၂)နှစ်အတွင်း စစ်ရေးလှုပ်ရှားမှု(၄၈) ကြိမ်ပြုလုပ်ထားကာ စစ်ကောင်စီတပ်သား(၂၄၀) ကို သုတ်သင်ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ထားဝယ်ခရိုင်အမှတ်(၁) တပ်ရင်း တည်ထောင်ခြင်း(၂) နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ စစ်ရေး လှုပ်ရှားမှုနဲ့ ရှေ့ဆက်အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြည်သူကို အသိပေးတဲ့ ထုတ်ပြန်ချက်ကို ဒီနေ့ ဩဂုတ်လ(၅) ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတာပါ။
စစ်ရေးဆောင်ရွက်မှုတွေကို တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊သရက်ချောင်းမြို့နယ်နဲ့ ရေဖြူ မြို့နယ်တို့မှာ ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဓာတ်ပုံမှတ်တမ်း၊ရုပ်သံမှတ်တမ်းတွေက်ို လူအင်အားနဲ့ မှတ်တမ်းဌာနမှာ စာရင်းပြုစုထားပြီး တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့ကိုလည်း ပေးပို့ထား တယ်လို့ ဆိုထားပါတယ်။
စစ်ဆင်ရေးဖော်ဆောင်မှု(၂)နှစ်ပြည့် ကာလအတွင်း စစ်ကောင်စီတပ်သား(၂၄၀) သေဆုံးကာ ပျူစောထီး(၅)ဦးကိုလည်း ရှင်းလင်းနိုင်ခဲ့သလို (၁၅၅) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါ တယ်။
ထားဝယ်ခရိုင်အမှတ်(၁) တပ်ရင်းအနေနဲ့ ဌာနကြီး(၆)ဌာန၊ဌာနခွဲပေါင်း(၁၂)ခုနဲ့ လုပ်ငန်းစဉ်တွေကို စနစ်တကျလည်ပတ်နေကာ ဒရုန်းတပ်ဖွဲ့ကိုလည်း စတင်အကောင်အထည်ဖော်ဖွဲ့စည်းနေတယ်လို့ သိရပါတယ်။