စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာတွင် ရွာပေါင်းစုံသပိတ် စစ်ကြောင်း ဦးဆောင်၍ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF) ရဲဘော်အောင်မင်းသန်း ကျဆုံးခြင်း တစ်လပြည့်အဖြစ် ယနေ့ (သြဂုတ် ၆) နံနက်က ချီတက်ဆန္ဒပြခဲ့ကြသည်။
သပိတ်ကော်မတီဝင်များနှင့် ပြည်သူများက ကျဆုံး ရဲဘော်အောင်မင်းသန်း၏ အုတ်ဂူသို့ချီတက်၍ အလေးပြုပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်းကြွေးကြော်ဆန္ဒပြခဲ့ကြသည်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်အောင်မင်းသန်းသည် ပြီးခဲ့သည့် ဇူလိုင် ၆ ရက်က စစ်ကိုင်းတိုင်းအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီဝင်များအား ခုခံတော်လှန်ရင်း ကျဆုံးခဲ့ရခြင်း ဖြစ်သည်။