မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့နယ်နဲ့ ပခုက္ကူမြို့ကို ဆက်သွယ်ထားတဲ့ ကျောက်ထု-ပခုက္ကူလမ်းပိုင်းကို အသုံးမပြုကြဖို့ ဂန့်ဂေါခရိုင်တပ်ရင်းအမှတ် ၈/၉ ကျောက်ထု PDF က ကြေညာထားပါတယ်။
ဩဂုတ် ၅ ရက်နေ့ကတည်းက ကြေညာချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး လမ်းအသုံးပြုနိုင်မယ့်အချိန်ကို ပြန်မကြေညာမခြင်း အခုထုတ်ပြန်ချက်က အကျုံးဝင်နေမှာ ဖြစ်ပါတယ်။
ဒေသခံတွေအနေနဲ့ သေရေးရှင်ရေး ကိစ္စတစုံတရာပေါ်ခဲ့လို့ လမ်းကို အသုံးပြုရမယ်ဆိုရင် ကျောက်ထု PDF တပ်ရင်းရုံးကို ကြိုတင်အကြောင်းကြားဖို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။
ကျောက်ထုမြို့ခံတယောက်က “စကစယာဉ်တန်းက စုစုပေါင်း ၄၈ စီးလောက်ရှိတယ်။ ဒေသခံတွေအတွက် စိတ်ပူလို့ ကြေညာတယ် ထင်ပါတယ်။ ကျောက်ထု၊ ပေါက်၊ တပြင်း၊ ပခုက္ကူ လမ်းပိုင်းကို ဒီရက်ထဲ အသုံးမပြုတာတော့ အန္တရာယ်ကင်းတာပေါ့” လို့ ပြောပါတယ်။
ဆောမြို့နယ်၊ ကျောက်ထုမြို့ကနေ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့မှာ တပ်ချိန်းခဲ့တဲ့ စစ်ကောင်စီယာဉ်တန်းဟာ ပခုက္ကူဘက်ကို ပြန်ဆုတ်နေတာကြောင့် အခုလို ကြေညာတာဖြစ်ပါတယ်။