ဂျပန်နိုင်ငံ၊ တိုကျိုမြို့လူစည်ကားရာနေရာများတွင် ထီးသပိတ်နှင့် Cardboard Box Movement ပြု လုပ်ကာ သမိုင်းဝင် ၈၈၈၈ နေ့အထိမ်းအမှတ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြောင်း Revolution Tokyo Myanmar (R.T.M) ထံမှ သိရ သည်။
အဆိုပါလှုပ်ရှားမှုကို ၂၀၂၂ ခုနှစ် ၈ လပိုင်း ၈ ရက်နေ့တွင် ရန်ကုန်မြို့ပေါ်၌ ထီးပေါ်တွင် ၈ ဂဏန်းလေး လုံးကိုရေးကာ ငြိမ်းချမ်းစွာ ထီးသပိတ်ပြုလုပ် ဆန္ဒထုတ်ဖော်ခဲ့သည့် လူငယ်လေးယောက်ကို ဂုဏ်ပြုခဲ့ ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီအနေဖြင့် လူငယ်များကို မတရားဖမ်းဆီး အကျဉ်းချထားခဲ့ သော်လည်း လူငယ်များ၏ တော်လှန်လိုစိတ်၊ မတရားမှုကို တွန်းလှန်လိုစိတ်များကို တားဆီးမရဟု ဆိုတာ သိရှိနိုင်စေရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။