အကြမ်းဖက် စစ်ကောင်စီ၏ ဝင်ငွေကို ဖြတ်တောက်ခြင်းဖြင့် အင်အားချည့်နဲ့သွားစေရေး ၊ ပြည်သူ့ဘဏ္ဍာ ခိုင်မာအောင် တည်ဆောက်ရေး တက်ကြွလှုပ်ရှားသူ ဒေါက်တာတေဇာစန်း တိုက်တွန်းပြောဆိုလိုက်သည်။
“”ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာတည်ဆောက်” ရာတွင် စစ်ပွဲတို့မည်သည်မှာ ရန် သူနဲ့ လက်ရုံးရည်ချင်းရင်ဆိုင်တိုက်ခိုက်ရတာရှိသလို ရန်သူကိုအင်အားချည့်နဲ့ သွားစေမယ့် နည်းလမ်းပေါင်းစုံသုံးပြီး နှလုံးရည်နဲ့တိုက်စစ်ဆင်ရတာလည်းရှိပါတယ်။ မြန်မာပြည်သူ တစ်ရပ်လုံးက လက်နက်ခံယမ်းအင်အားအဆမတန်သာလွန်တဲ့ အကြမ်းဖက် ဖက်ဆစ် စစ်တပ်ကို ရွပ်ရွပ်ချွံချွံ ခုခံတော်လှန်စစ်ပွဲဆင်နွှဲနေတဲ့အချိန်မှာ ရန်သူဖက်ဆစ် စစ်တပ်ရဲ့ငွေဝင်ပေါက်၊ အသက်ရှုပေါက်အားလုံးကိုလည်း ရရာနည်းလမ်းနဲ့ပိတ်ဆို့ ဖြတ်တောက်ပစ်ကြဖို့လိုပါတယ်။ တချိန်တည်းမှာ လည်း တော်လှန်ရေး ရှေ့ဆက်ဖို့အတွကိ ပြည်သူ့ဘဏ္ဍာအင်အားကိုလည်းတည်ဆောက်ယူရမှာဖြစ်ပါတယ်။ ဒီ စီးပွားရေး၊ ဘဏ္ဍာရေး တိုက်ပွဲမျက်နှာစာမှာ ဦးဆောင်ပါဝင်တိုက်ခိုက်ကြမယ့် စစ်သူကြီးများကတော့ အခြား မဟုတ်..စစ်အာဏာရှင်ကိုကြံ့ကြံ့ခံရင်ဆိုင်တိုက်ပွဲဝင်နေကြတဲ့ “တော်လှန်ပြည်သူ တစ်ရပ်လုံး” ပဲဖြစ် ပါတယ် ။ပြည်သူသာအဓိကပါ။ ပြည်သူ့အားနဲ့ဖြိုရင် ပြိုကိုပြိုပါတယ် ။ ” ဟု ဒေါက်တာ တေဇာစန်းက တိုက်တွန်းနှိုးဆော်သည်။