မနက်ဖန်မှာ ကျရောက်မဲ့ (၃၅) နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်နေ့အဖြစ် စစ်ကိုင်းတိုင်းအရာတော်မြို့နယ်မှာ လူထုသပိတ်စစ်ကြောင်းအဖြစ် ဒီကနေ့မှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ် ။
ဩဂုတ် (၇) ရက်နေ့မနက်ပိုင်းက မုံရွာ အရာတော် လမ်းမကြီး တစ်နေရာမှာ “မပြီးဆုံးသေးတဲ့ ၈ လေးလုံးလူထုလွတ်မြောက်ရေး ဒို့အတူရုန်း””ဥပဒေကိုစစ်ကျွန်ပြု သွေးစွန်းလက်နဲ့ ဘုရားမတည်နဲ့”စတဲ့ဘန်နာစာတန်းတွေ ကျွေးကြော်သံတွေနဲ့ ရှစ်လေးလုံးနေ့အထိမ်းအမှတ် အကြို လူထုသပိတ်စစ်ကြောင်းချီတက်ခဲ့ကြတာပါ ။
ဒီဆန္ဒပြမှုကို အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ၊ အရာတော်မြို့နယ် ကျောင်း သားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ နည်းပညာတက္ကသိုလ်(မုံရွာ) ကျောင်းသားများ သမဂ္ဂ နှင့်ဒေသခံ ပြည်သူလူထု၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ် ။