မြန်မာနိုင်ငံမှာ ကြုံတွေ့ခဲ့တဲ့ အာဏာရှင် အဆက်ဆက်တို့ရဲ့ ဖိနှိပ်ရက်စက်မှုတွေကို အသက်တွေ၊ ဘဝတွေ ရင်းပြီး ခံစားခဲ့ကြရတဲ့ နိုင်ငံသား တွေအတွက်၊ တရားမျှတမှုများ ပြန်လည် ရရှိနိုင်ရေးနဲ့ စစ်ရာဇ၀တ်သားများကို အပြစ်ပေးအရေးယူ တရားစီရင်နိုင်စေဖို့ ခိုင်မာစွာဖြင့် စိတ်ပိုင်းဖြတ်ထားကြပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကပြောပါတယ်။
ဒီကနေ့ ကျရောက်တဲ့ “(၃၅)နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံနေ့အခမ်းအနား” မှာ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောကြားခဲ့တာဖြစ်ပါတယ်။
“ဖက်ဆစ် အကြမ်းဖက် စစ်တပ်ကို စစ်ရေးစစ်မျက်နှာ၊ ဘဏ္ဍာရေးစစ်မျက်နှာ၊ နိုင်ငံခြားရေးစစ်မျက်နှာ၊ လူထုလှုပ်ရှားမှု စစ်မျက် နှာ၊ စိတ်ဓါတ်စစ်ဆင်ရေးစစ်မျက်နှာစတဲ့ စစ်မျက်နှာမျိုးစုံကနေ တော်လှန် တိုက်ပွဲဝင်နေကြပြီ ဖြစ်ပါ တယ်။ ဒီကနေ့ အကြမ်းဖက် စစ်တပ် အဘက်ဘက်က ယုတ်လျော့ အားနည်းလာသော အခြေအနေ ကနေ အလဲထိုးအနိုင်ယူကာ မြန်မာမြေမှာ ဒီမိုကရေစီ၊ လူအခွင့်အရေး၊ တန်းတူရေးနှင့် ခွင့်တူညီမျှစွာ ငြိမ်းချမ်းရေးပန်း ထာ၀ရရှင်သန်နိုင်စေဖို့ အဆုံးထိ နောက်မဆုတ်တမ်း ဆက်လက် တိုက်ပွဲဝင်သွားမယ်” လို့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ကိုတိုင်တည်ပြောကြားခဲ့ပါတယ်။