စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ Monywa University Students’Union MUSU၊ လက်ပံတောင်းတောင်ပင်မသပိတ် အမျိုးသမီးမဟာမိတ် အင်အားစုနဲ့ ဒေသခံပြည်သူတွေပူးပေါင်းပြီး ဒီနေ့ ဩဂုတ်လ(၈) ရက်နေ့မှာ “ဝမ်ပေါင်/ယန်စီ စစ်ကောင်စီနဲ့ ပူးပေါင်းနေတာ ချက်ချင်းရပ်” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဝမ်ပေါင်/ယန်စီ အနေနဲ့ စစ်တပ်ကို လုံခြုံရေး ယူခိုင်ပြီး နေရာထိုင်ခင်းပေးနေတာနဲ့ စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေကို အသုံးချပြီး ပြည်သူ့အိုးအိမ်လယ်ယာမြေတွေကို ဝမ်ပေါင်နယ်နမိတ် အဖြစ် သိမ်းဆည်းခိုင်းနေတဲ့ လုပ်ရပ်တွေကို ပြည်သူတွေ သည်းမခံနိုင်တော့တဲ့အတွက် ဆန္ဒထုတ်ဖော်ကြတာဖြစ်တယ်လို့ သိရပါတယ်။