မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ရွာတွင် ပြည်သူလူထုကို ညှဉ်းပန်းနှိပ်စက်နေ သည့် ပျူစောထီးအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြောက်ကျား တပ်ဖွဲ့က ပစ်ခတ်ရာ ၃ ဦးသေဆုံးကြောင်း အဆိုပါပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
ဩဂုတ်လ ၉ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် အစင်ကျေးရွာမှ ပျူစော ထီး ခေါင်းဆောင် ရီဝေ ဦးဆောင်အဖွဲ့က လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် မွန်နှင့် တနင်္သာရီဘက်တွင် စစ်ရေးလှုပ်ရှားနေသည့် PDF ပြောက်ကျား တပ်ဖွဲ့က ဝင် ရောက် ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ပျူစောထီး ခေါင်းဆောင် ရီဝေ အပါအဝင် ၃ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။
” ရေးမြို့နယ် အစင်ရွာမှာ ပြည်သူလူထုကို နှိပ်စက်ညှင်းပန်း ဆက်ကြေးကောက် ဆိုးသွမ်းနေတဲ့ ပျူစောထီးအဖွဲ့ကို ဝင်ပစ်တာမှာ ပျူစောထီးခေါင်းဆောင် ရီဝေ အပါအဝင် ၃ဦးသေ ၃ဦးဒဏ်ရာရရှိခဲ့ပါတယ်” ဟု ပြောက် ကျား တပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။
ပြည်သူများကို ဖိနှိပ်ဒုက္ခပေးနေသည့် စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့များကို မည်သည့်နေရာမဆို တိုက်ခိုက်မည်ဖြစ်၍ ပြည်သူများအနေဖြင့် ခပ်ဝေးဝေးနေကြရန် ပြည်သူ့ကာကွယ်ရေးပြောက်ကျားအဖွဲ့ခေါင်းဆောင်က အသိပေး ပြောဆိုထားသည်။