ပြည်သူတွေအပေါ် အကြမ်းဖက်နှိပ်စက်၊ ဖမ်းဆီး၊ သတ်ဖြတ်နေတဲ့ စစ်အုပ်စုနဲ့ ပူးပေါင်းနေတဲ့ ဦးဟင်နရီဗန်ထီးယူ ကို အမျိုးသားဒီမိုကရေစီအဖွ့ဲချုပ် (NLD) ပါတီမှ ထုတ်ပယ်ကြောင်း ဒီနေ့ သြဂုတ် ၉ မှာ ထုတ်ပြန်ပါတယ်။
ဦးဟင်နရီဗန်ထီးယူဟာ (၂၀၁၆-၂၀၂၁) လွှတ်တော်သက်တမ်းအတွင်း NLD ပါတီမှ ဒုသမ္မတဖြစ်ခဲ့တာပါ။ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်မှာ စစ်အုပ်စုရဲ့ ကာလုံအစည်းအဝေးမှာ ပူးပေါင်းဆောင်ရွက်နေတာ တွေ့လို့ အခုလိုထုတ်ပယ်တာဖြစ်တယ်လို့ NLD ထုတ်ပြန်ချက်က ဆိုပါတယ်။
NLD ပါတီက ဗဟိုကော်မတီဝင်အစည်းအဝေးကို မနေ့ သြဂုတ် ၈ ရက်နေ့မှာ ခေါ်ယူပြီး ဦးဟင်နရီဗန်ထီးယူ ကို ပါတီဝင်အဖြစ်မှ အများသဘောနဲ့ ထုတ်ပယ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
NLD ပါတီ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဌ များအပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၉) ဦး တို့ကို ကိုယ်တိုင်ဆန့်ကျင်သဖြင့် မတရားဖမ်းဆီးခံထားရပြီး အဆင့်ဆင့်သောပါတီဝင် အများအပြား တို့ဟာလည်း အကျဉ်းထောင်အသီသီးမှာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရပါတယ်။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းဟာလည်း လုံလောက်သော ဆေးကုသခွင့်မရရှိတဲ့အတွက် အကျဉ်းထောင်တွင်း ကျဆုံးခဲ့ရတယ်လို့ NLD ပါတီက ဒီနေ့ထုတ်ပြန်ပါတယ်။