မကွေးတိုင်း၊ အောင်လံမြို့နယ်၊ မဲခေါင်းကျေးရွာသို့ စစ်တပ် သတင်းပေး ရုပ်အလောင်းလာကောက်သည့် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
ဇူလိုင်လ ၃၀ ရက် နံနက် ၉ နာရီ မိနစ် ၄၀ ခန့်က အောင်လံမြို့နယ်၊ မဲခေါင်းကျေးရွာရှိ အကြမ်းဖက် စစ် ကောင်စီသတင်းပေး၏ ရုပ်အလောင်းကို ကောက်ယူရန် အင်အား ၂၀ ခန့်ဖြင့် လာရောက်ခဲ့ရာ ပြည် သူ့ ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က မိုင်းဆွဲ၊ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦး သေဆုံးသည်ကို မျက်မြင်တွေ့ရှိခဲ့ရကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) သရက်ခရိုင် PDF တပ်ရင်း ၁ ၊ တပ်ရင်း ၅ နှင့် အောင်လံ ဆင်ပေါင်ဝဲ ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့များက မိုင်းဖောက်ခွဲပြီး စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အ ခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ခရိုင်၊ ရွှေဘိုမြို့ပေါ်တွင် “၈၈၈၈” အရေးတော်ပုံ ၃၅ နှစ်အပြည့်အထိမ်းအမှတ် အဖြစ် နေရာ ၈ ခု အနီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Buffalo Soldiers Freedom Force – BSDF တပ်ဖွဲ့ တာဝန်ခံ ဗိုလ်ကျွဲကြီးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဩဂုတ်လ ၈ ရက် နံနက် ၈ နာရီခန့်တွင် “၈၈၈၈” အရေးတော်ပုံ ၃၅ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ပြည်သူလူထုဘေးကင်းပြီး အကြမ်းဖက်စစ်သားများနှင့် နီးကပ်မှုရှိသည့်နေရာ ၈ ခုကို ပစ်မှတ် ထားဖောက်ခွဲကာ စိတ်ဓာတ်စစ်ဆင်ရေး၊ အထိမ်းအမှတ်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့ရာ အကြမ်း ဖက်စစ်သားများ ထိခိုက်သေဆုံးမှု၊ ရှိမရှိစုံစမ်းနေဆဲဖြစ်ကြောင်း ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“မနေ့က ၈ လေးလုံး အရေးတော်ပုံနေ့မို့လို့ မြို့ပေါ်ပြည်သူတွေနဲ့ လွတ်ကင်းမယ့်နေရာ၊ ရန်သူနဲ့ အနီး ဆုံးနေရာတွေမှာ ဖောက်ခွဲခဲ့တာပေါ့၊ ဒီကောင်တွေအတွက် စိတ်ဓာတ်စစ်ဆင်ရေး တစ်ခုအနေနဲ့ ဖောက် ခွဲခဲ့တာပါ။ ဖောက်ခွဲတဲ့နေရာတွေမှာတော့ ကင်းလာပတ်တာရှိတယ်၊ ပြည်သူ တွေဖမ်းဆီးတာမျိုး၊ ဘာ မျိုးတော့ ထူးထူးခြားခြားမရှိဘူးဗျ၊ “ဟု Buffalo Soldiers Freedom Force – BSDF တပ်ဖွဲ့ တာဝန်ခံ ဗိုလ်ကျွဲကြီးမှ ပြောကြားသည်။