ပြည်သူကို အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်သား အယောက် ၄၁ဦးကို တရက်တာအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြည်သူ့ခုခံတော်လှန်စစ်အရ ရှင်းလင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန ထုတ်ပြန်ပါတယ်။
သတင်းအချက်အလက်တွေအရ ဩဂုတ် ၈ ရက်က ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ – ၁၇ဦး အထိ ခုခံတိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေတာတွေကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲနေတာပါ။
စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်ကနေ အပြီးတိုင်ချုပ်ငြိမ်းရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေက တိုင်းဒေသကြီးတွေမှာ ဖြစ်ပွားပေါ်ပေါက်နေတာဖြစ်ပါတယ်။
အခုအချက်အလက်တွေဟာ မြေပြင်က သတင်းအချက်အလက်တွေထက် ပိုပြီး ဖြစ်ပွားနိုင်တယ်လို့ ဖော်ပြထားပါတယ်။