ရှမ်းပြည်နယ် တောင်ပိုင်း အခြေစိုက် မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်သားတွေကို ကိုယ်ခံပညာနဲ့ စိတ်ဓာတ် ကြံ့ခိုင်မှုကို အဓိက သင်ကြားပေးတဲ့ အထူးမွမ်းမံ သင်တန်း အောင်မြင်စွာ ပြီးစီးပြီလို့ မိုးဗြဲ PDF က ဒီကနေ့ ထုတ်ပြန် အသိပေးလိုက်ပါတယ်။
အဆိုပါ သင်တန်းကို ဇူလိုင်လ ၂၂ ရက်ကနေ ဩဂုတ်လ ၁၂ ရက်အထိ စစ်ရေး တင်းမာမှုတွေကြားက အောင်မြင်စွာ ပြုလုပ်ခဲ့ပြီး ရဲဘော် ၃၂ ဦးကို အထူးလေ့ကျင့် သင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။
မိုးဗြဲ PDF အနေနဲ့ အထူးမွမ်းမံ သင်တန်းတွေကို ရဲဘော်တွေ အတွက် ဆက်လက် လေ့ကျင့် သင်ကြားပေးဖို့ ရည်ရွယ်ထားပြီး ပြည်သူတွေ အနေနဲ့လည်း ဆက်လက်ကူညီ ထောက်ပံ့ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။
လက်ရှိ မိုးဗြဲမြို့ထဲမှာ တိုက်ပွဲတွေ ငြိမ်နေပေမဲ့ စစ်ရေး တင်းမာနေဆဲဖြစ်ပြီး စစ်ဆင်ရေး အသေးစားတွေနဲ့ စစ်ကောင်စီကို ဆက်လက် တိုက်ခိုက်နေတယ်လို့ မိုးဗြဲ PDF ပြန်ကြားရေးက အသိပေးထားပါတယ်။