ကလေးမြို့ သာစည်ရွာကိုလည်း အကြမ်းဖက် စစ်တပ်က အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးကာ ရဟတ်ယာဥ်များဖြင့် ပစ်ခတ်လျက်ရှိကြောင်း တော်လှန်ရေးရဲဘော်များနှင့် ဒေသပြည်သူများက ပြောဆိုသည်။
ယနေ့ ဩဂုတ် ၁၅ ရက်နေ့ နံနက် ၅ နာရီ ၄၉ မိနစ်ခန့်မှစ၍ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး သာစည်ကို ရဟတ်ယာဥ်ဖြင့် မိနစ် ၃၀ နီးပါး ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“၁၂ ဘီး ၂ စီး၊ စခကား ရိုးရိုး ၂၊ ၃ စီးနဲ့။ အစောကြီးပဲ ၅ နာရီ ၄၉ မိနစ်က အမြှောက်တပ်က လက်နက်ကြီးစထုတာကနေ စစ်ကြောင်း စထိုးတော့တာပဲ။ တရစပ်ပစ်ပြီး အလုံးအရင်းနဲ့တိုးနေတာ။ လက်နက်ကြီး ပစ်ကူရောပေးနေတာ” ဟု တော်လှန်ရေးရဲဘော် တစ်ဦးက ပြောကြားသည်။