စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့အဝင်မှာ ပိတ်ဆို့တားဆီးမှုပြုလုပ်ပြီး ခရီးသွားပြည်သူများထံမှ ပိုက်ဆံကောက် နေတဲ့ အကြမ်းဖက် စစ်တပ်ဂိတ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်တပ်သား ၄ ဦး ကျည်ထိမှန်ကာ ၊ ဗိုလ်ကြီးအဆင့်ရှိသူ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ Yan Gyi Aung People Defense Force မှ ဒီနေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က သြဂုတ် ၉ ရက် မနက် ၁၁ နာရီခန့်မှာ မြို့အနောက်ကွက်သစ်မှာ တစ်ဖွဲ့၊ ပေတရာလမ်းမပေါ်မှာတစ်ဖွဲ့ ၂ နေရာခွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူတပ်ဖွဲ့ရဲ့ဗိုလ် တဦးသေဆုံးပြီး၊ တပ်သား ၃ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကာ သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုကို Yan Gyi Aung People Defense Force၊ အဖြူ ရောင် (DPY) ဒီပဲယင်း ပကဖ၊ Bagan Ogre Force၊ ညောင်ဦး ခရိုင် တပ်ရင်း (၅) ၊ Freedom Federal စစ်ကြောင်း (၁)၊ Galaxy Force ပကဖ၊ A2K ပကဖ တို့မှ စစ်ဆင်ရေး အဖြစ် ပူးပေါင်း ဖော်ဆောင်ခဲ့တာလို့ ဖော်ပြပါရှိပါတယ်။