မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ကင်းပုန်းဝပ်နေသည့် စစ်သားများနှင့်ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ မိုင်းဆွဲခြင်းတို့ကြောင့် ပျူစောထီး ၂ ဦးသေဆုံးကြောင်း မြိုင်ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၈ နာရီ ၂၇ မိနစ် အချိန် ပခုက္ကူမှ စစ်တပ် ရိက္ခာ တင်ဆောင်လာသော မော်တော်ယဥ် ၃ စီး အတွက် ကန်တော်ရွာနှင့် ညောင်ဂျစ်ပင်ရွာ အကြားတွင် အင်အား၆၀ ကျော် ၇၀ခန့်ရှိသော စစ်တပ်စစ်ကြောင်းကင်းပုန်းလာဝပ်ကြောင်း ၊ ထိုစစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းကွင်းထဲရောက်ရှိလာချိန်တွင်လည်း မိုင်းဆွဲတိုက်ခိုက် ခဲ့ကြောင်း သိရှိရသည်။
ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းတို့ကြောင့် ပျူစောထီး ၂ ဦး ပွဲချင်းပြီးသေဆုံး၍ စစ်သား ၁ ဦးနှင့် ပျူစောထီး ၁ ဦးတို့ အူများထွက်နေကြောင်း၊ အခြားသော စစ်သား နှင့်ပျူစောထီး ၁၀ ဦးခန့်မှာလည်း ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။
ထို့အတူ ဘုန်းကံပျူစောထီးရွာကိုလည်း ယနေ့ မွန်းတည့် ၁၂ နာရီအချိန်မှစတင်၍ ဝေဟင်တိုက်ခိုက်ရေးRC plane ဖြင့် ဗုံး ၉လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး ဒဏ်ရာ အပြင်းအထန်ရရှိကြောင်း ၊တိုက်ခိုက်မှုများကို မြိုင် ပ.က.ဖ ရင်း ၁) နှင့် PKU သူရိန်အဖွဲ့၊ ဘလက် ကော်ဘရာ အဖွဲ တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း မြိုင် ပ.က.ဖ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။