၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၁၇)ရက်နေ့ဟာဆိုရင် (၇၅)နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့ ဖြစ်ပါတယ်။ ဒီကနေ့ ကျရောက်တဲ့ ကရင်နီပြည်တပ်မတော်နေ့ အခမ်းအနားကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီီ(KNPP) ကနေပြီး ခုခံတော်လှန်ရေးမှာ စွန့်လွှတ်အနစ်နာခံကြတဲ့ ရဲဘော်ရဲဘက်တွေကို ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း နဲ့ တိုက်ပွဲဝင်နေတဲ့ ရဲဘော်၊ တပ်မှူး၊ တပ်ဗိုလ်တွေ အပြင် ပြည်သူတွေအားလုံးဘေးကင်းလုံခြုံကြပါစေကြောင်း သဝဏ်လွှာပေးပို့ထားပါတယ်။
ကရင်နီပြည်တပ်မတော်(Karenni Army-KA) ဟာ နယ်ချဲ့ဖဆပလတွေရဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် ဆုံးရှုံးသွားတဲ့ ကရင်နီအမျိုးသားတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ပြန်လည်ရရှိရေး၊ ကရင်နီအမျိုးသားများ ဖိနှိပ်မှုအောက်မှ လွတ်မြောက်ရေး နဲ့ ကရင်နီပြည်သူတွေကို ကာကွယ်ရေးတို့အတွက် ၁၉၄၈ ခုနှစ် ဩဂုဏ်လ (၁၇)ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။