မန္တလေးမှထွက်ခွာလာသည့် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းထောက်ပို့ရထားကို ရန်ကုန်−မန္တလေးမီးရထားလမ်း၊ ကညွှတ်ကွင်းမြို့အနီးတွင်KNUနှင့် PDF ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကောင်စီတပ်၏လက်နက်ခဲယမ်းထောက်ပို့ရထားကို ပဲခူးတိုင်း၊ကညွတ်ကွင်းမြို့အနီးမှစောင့်၍ ယနေ့( ဩဂုတ်လ ၁၈ ရက်) နံနက် ၉ နာရီဝန််းကျင်တွင် KNLA၊PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
စစ်ကောင်စီထောက်ပို့ရထားကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်မှာ မှန်ကန်ပြီး၊ မြေပြင်အခြေအနေအသေးစိတ်ကို အတည်ပြုနေဆဲဖြစ်ကြောင် တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယခု မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ကညွတ်ကွင်းဒေသသည် ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၃)နယ်မြေဖြစ်သည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။ ရထား မိုင်းခွဲတိုက်ခိုက်ခံရနှင့်ပတ်သက်ပြီး ကြေးနန်းမရသေးကြောင်း၎င်းကဆက် ပြောသည်။
မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိသည်ဆိုသည့် သတင်းများထွက်ပေါ်နေခြင်းနှင့်ပတ်သက်ပြီးလည်း အတည်မပြုနိုင်သေးဟု KNU သတင်းရင်းမြစ်များက ပြောသည်။