အကြမ်းဖက် စစ်တပ်လက်အောက်ခံ နေပြည်တော် အမှတ်(၁၇) ရဲတပ်ရင်းက လက်နက်နဲ့အတူ ပြည်သူ့ဘက် ပူးပေါင်းလာတဲ့ ရဲတပ်သားကို ဂုဏ်ပြုဆုငွေ (၃၃)သိန်းကျပ် ချီးမြှင့်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၁) စစ်ဒေသ၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ အမှတ်(၁၁) တပ်ရင်းဆီကို အကြမ်းဖက် စစ်တပ်လက်အောက်ခံ နေပြည်တော် အမှတ်(၁၇) ရဲတပ်ရင်းက တပ်သား xxxx ဟာ MA-16 A1 (၁)လက်၊ ကျည်ဘောက် (၂)ခု၊ 5.56 ကျည် (၃၀) တောင့်နဲ့အတူ ဇူလိုင် ၁၇ နေ့က ပြည်သူ့ဘက်ကို ပူးပေါင်းလာခဲ့တာပါ။
ပြည်သူ့ဘက်ကို ပူးပေါင်းလာတဲ့ ရဲတပ်သား xxxx ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၁) စစ်ဒေသ၊ ကလေးခရိုင်၊ အမှတ်(၁၁) တပ်ရင်းအနေနဲ့ လုံခြုံဘေးကင်းစွာ ထားရှိပြီး လက်နက်နဲ့အတူ ပြည်သူ့ ဘက်ကို ပူးပေါင်းလာတဲ့အတွက် ဂုဏ်ပြုချီးမြှင့်ငွေ (၃၃) သိန်းကျပ်ပေးအပ်ခဲ့တာလို့ ဆိုပါတယ်။
ပြည်သူ့ဘက်ကို ရပ်တည်ကူးပြောင်းလိုခြင်း(သို့) တပ်တွင်းသတင်းပေး ဖရဲသီး အဖြစ် ရပ်တည်လိုတဲ့ တပ်မတော်သားတွေအနေနဲ့ နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တပ်ရင်းတွေ၊ စစ်ကြောင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တွေကို ဆက်သွယ်၍ သော်လည်းကောင်း၊ ပြည်သူ့ ရင်ခွင် ခိုလှုံရေး Telegram Channel @MyanmarPeople သို့ ဆက်သွယ်၍ သော်လည်းကောင်း ချိတ်ဆက် ဆောင်ရွက်နိုင်တယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ဘက်ကို ရပ်တည်ပူးပေါင်း လာမှုတွေကို လက်ကမ်းကြိုဆိုနေမှာ ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။