မြိုင်မြို့နယ်၊ ကွမ်းတောရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Middle Revolution Task Force (MRTF) Drone အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် ကွမ်းတောရွာ၌ ပြည်သူပိုင် ဆန်အိတ်နှင့် ရိက္ခာများ ခိုးဆိုးလုယက်ပြီး တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှု ရှိနိုင်ကြောင်း၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Middle Revolution Task Force (MRTF) Drone တပ်ဖွဲ့နှင့် Thu Rain > TR.Drone တပ်ဖွဲ့တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။