စစ်ကိုင်းတိုင်း ယင်းမာပင်နယ်အတွင်း စစ်ရေးအရှိန်မြှင့်တင်ဖို့ တပ်ရင်း(၁၃)ရင်း ပါဝင်တဲ့ ခရိုင်အဆင့် တပ်မဟာ ဖွဲ့စည်းလိုက်တယ်လို့ ယင်းမာပင်ခရိုင် တပ်မဟာက သတင်း ထုတ်ပြန်ပါတယ်။
ဩဂုတ် (၁၈)ရက်မှာ ယင်းမာပင်ခရိုင်ထဲက မြို့နယ်တွေဖြစ်တဲ့ ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီးနဲ့ ပုလဲနယ် အခြေပြု တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့ (၁၃)ဖွဲ့ ပူးပေါင်းကာ ယင်းမာပင်ခရိုင် တပ်မဟာ ဖွဲ့စည်းတာလို့ ဆိုပါတယ်။
ယင်းမာပင်ခရိုင် တပ်မဟာကို ရည်ရွယ်ချက် ငါးရပ်နဲ့ ဖွဲ့စည်းတာဖြစ်ပြီး စစ်ရေးအရှိန် မြှင်တင်ဖို့၊ရဲဘော်အချင်းချင်း ညီညွတ်ဖို့၊ တိုက်ခိုက်ရေးကို ဦးစားပေးပြီး အုပ်ချုပ်ရေးမှာ ၀င်ရောက် မစွက်ဖက်ဖို့ ၊ အုပ်စုဖွဲ့အနိုင်ကျင့်တာကို တားဆီးနိုင်ဖို့၊ပြည်သူနဲ့ ပဋိပက္ခ မဖြစ်ဖို့ဆိုတဲ့ အချက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
တပ်ရင်း(၁၃)ရင်း ပါ၀င်တဲ့ ယင်းမာပင်ခရိုင် တပ်မဟာရဲ့ ဥက္ကဌ အဖြစ် ကျောက်လုံးကြီး KLG PDF က တာ၀န်ယူထားပါတယ်။
ယင်းမာပင်ခရိုင် တပ်မဟာမှာ ပါဝင်တဲ့တပ်ရင်း(၁၃)ရင်းကတော့ ယင်းမာပင်ခရိုင်တပ်ရင်း -၂၁(ကနီ)၊ ယင်းမာပင်ခရိုင်တပ်ရင်း-၂၂(ကနီ)၊ ယင်းမာပင်ခရိုင်တပ်ရင်း-၂၃(ကနီ)၊ ယင်းမာပင်ခရိုင်တပ်ရင်း-၇(ပုလဲ)၊ ယင်းမာပင်ခရိုင်တပ်ရင်း-၁၂(ပုလဲ)၊ ယငါးမာပင်ခရိုင်
တပ်ရင်း-၂၈(ဆားလင်းကြီး)၊ ယင်းမာပင်ခရိုင်တပ်ရင်း-၂၉(ယင်းမာပင်)၊ ယင်းမာပင်ခရိုင်တပ်ရင်း အာဠာ၀က(ယင်းမာပင်)၊ ယင်းမာပင်ခရိုင်တပ်ရင်း ကဿပဝိဇ္ဇာ (ယင်းမာပင်)၊ ယင်းမာပင်ခရိုင် မြွေဆိုး (ယင်းမာပင်)၊ ယင်းမာပင် CDRF(ယင်းမာပင်)၊ ယင်းမာပင်MNAT (ယင်းမာပင်)၊ ယင်းမာပင် Fighter One (ယင်းမာပင်)တို့ ဖြစ်ပါတယ်။